ဦးဇော်ရဲ့ဘ၀မှာ အမှတ်တမဲ့လေးတွေက အမှတ်တရဖြစ်စရာတွေကအများသား.........
ကြာတော့ ကြာပြီ...တွေးကြည့်လိုက်ရင်မနေ့ တစ်နေ့ကလိုပဲ ထင်ယောင်နေတတ်သည်။
ရာသီတွေ ကြာရှည်ခဲ့သော်လည်း...နာရီတွေကဟောင်းမသွားခဲ့ပါလေ....
1996ခုနှစ်ကဖြစ်သည်။ဦးဇော်အပေါ် အလိုက်သိလွန်းသည့် အမကြီးတစ်ယောက်နှင့်
သိကျွမ်းခင်မင်ခွင့်ရခဲ့သည်။ဦးဇော်ကိုအစစ ကူညီပေးခဲ့သည်။လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့
သည်။ တစ်ခါ တစ်ခါ အားနာရပြန်သည်။
ဘယ်ဆီ ဘယ်အရပ်ရောက်ရောက် အမကြီးကို သတိရနေတတ်ပြန်သည်။
စာမရေး ဖုန်းမဆက်ဖြစ်သော်လဲ ....သတိတရရှိနေတတ်သည်ကိုတော့
ညာ၍မရပါလေ။
ဦးဇော် ကုလားပြည်ကိုပြန်ရမည်။ဒီတော့ အမကြီး ဆပ်ပြာခဲအစ၊သွားတိုက်ဆေး
သွားတိုက်တံ၊အဆုံး ....အို...အမျိုးအမည်ပင်စုံအောင် ရေးမပြတတ်အောင်
တိုလီမုတ်စ အကုန်အစုံထည့်ပေးခဲ့သည်။
ဒီတော့လဲ ရေချိုးရင်လဲ သတိရနေတတ်သည်။
မျက်နှာသစ်လဲ သတိရနေတတ်ပြန်သည်။
နေ့ဘက်တော့ လဲနေ့မို့...ညရောက်တော့လဲ
သတိရနေတတ်ပြန်ပါရော...
စာရေးဆရာတွေရေးသလို နေ့ရှိသမျှ ညရှိသရွေ့
စက္ကန့်မလပ် အချိန်တိုင်းသတိရတယ်...ဆိုသောစရားကို
ခုတော့ ဦးဇော် နားလည် ခဲ့ပါပြီကော...
ဒါတွေက ....ဦးဇော်ရဲ့ အမှတ်တရလေးထဲက တစ်ခုပါ။
Friday, March 26, 2010
Subscribe to:
Comments (Atom)